0
လပ်တော့ရဲ့ Battery သက်တမ်းကိုမြှင့်နိုင်ဖို့နည်းလမ်းတွေကိုကျွန်တော်သိသလောက် ပြောပြပါ့မယ် ။ သာမန်အားဖြင့်တော့ ကျွန်တော်တို့ လပ်တော့တွေက အားကျမြန်တယ်လို့စိတ်ထဲမှာ ထင်ကြပါတယ် အခုနောက်ပိုင်း ထွက်လာတဲ့ Laptop တွေနဲ့ Netbook တွေကတော့ အတော်လေး အားခံတယ်ဗျ အနည်းဆုံး ၆နာ၇ီလောက်ခံရင်တောင် မဆိုးဘူးလေ ဒါပေမယ့် ၂ နာရီလောက်နဲ့ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ဘူး ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်မိမိ အရေးကြီးကိစ္စတွေလုပ်စရာရှိတဲ့အခါ အားမကုန်အောင်လို့ တတ်နိုင်သလောက် ကျွန်တော်ပြောမယ့်အချက်လေးတွေကို လုပ်ဆောင်ထားလိုက်ပါ

1. အလင်းအမှောင်ကို ချိန်ထားပါ

ဒါက အဓိကလို့ ဆိုနိုင်ပါတယ် အားသွင်းပြီးသုံးတဲ့အခါ အကြောင်းမရှိပေမယ့် ဘက်ထရီနဲ့သုံးတဲ့အခါမှာတော့ မိမိ အတွက် Brightness ကိုလိုအပ်သလောက်ပဲထားပါ အရမ်းကြီး လင်းနေမယ်ဆိုရင်လည်း ကြည့်မကောင်းတဲ့အပြင် အားကျမှုကို မြန်ဆန်စေနိုင်ပါတယ် ဒီတော့ Laptop မှာ ပါတဲ့ Fn ကီးလေးနဲ့ Bright အတိုးအလျော့ ခလုတ်ကလေး တွဲနှိပ်ကာ အသင့်အတင့်ပဲထားပေးပါ။

2.Power Plan ကို သေချာလုပ်ပါ

အဓိကက အချက်လို့ ဆိုနိုင်ပေမယ့် လူအတော်များများ မလုပ်ကြပါဘူး ဘာကြောင့်လုပ်ရတာလဲဆိုတော့ ကျွန်တော်တို့ လပ်တော့လေးကို ရိုးရိုးသာမန်သုံးနေတဲ့ အချိန်နဲ့ plug ထိုးထားတဲ့အချိန်မှာ မတူအောင်ထားရမှာပါ ။ ဥပမာ ဘက်ထရီနဲ့သုံးနေချိန်မှာ ၁မိနစ်အတွင်း မှိန်သွားအောင် ထားပြီးအားသွင်းနေချိန်မှာ ၂မိနစ်မှ မှိန်စေတာများ ။ နောက်တစ်ချက်က Sleep ဖြစ်သွားစေတဲ့အချိန်ပေါ့ ဘက်ထရီနဲ့သုံးနေချိန်မှာ မသုံးဘဲ ၅ မိနစ်မှာ Sleep ဖြစ်အောင်ထားမယ် စသဖြင့် plan ဆွဲထားရပါတယ် ၊ ဒါကိုလုပ်ဖို့က မခဲယဉ်းပါဘူး Windows 7 သို့မဟုတ် Windows 8 မှာ ဆို Control panel က power options ထဲကိုဝင်လိုက်ပါ ပြီးရင် ဘယ်ဘက်က Create a power plan ကိုနှိပ်ပြီး Power Saver ကိုရွေးကာ

3.မလိုအပ်တဲ့ အရာတွေကိုပိတ်ထားပါ

သဘောက ကျွန်တော်တို့တွေ Wifi , bluetooth မသုံးဘူးဆိုရင်အလကားသက်သက် သူတို့အတွက် အားကျစေပါတယ် ၊ အမှတ်တမဲ့ ဖြစ်နေတတ်တော့ မလိုဘူးဆို ပိတ်ထားသင့်ပါတယ် ၊ အခု လပ်တော့တွေမှာလည်း လွယ်ကူပါတယ် Fn key လေးနဲ့တွဲနှိပ်ရုံနဲ့ wifi , bluetooth ကို အလွယ်တကူ ပိတ်နိုင်ပါပြီ

4. နောက်ကွယ်ကနေ Run နေတဲ့ program တွေကို ပိတ်ပစ်ပါ

နောက်ကွယ်မှာအလုပ်လုပ်နေတဲ့ Service တွေကိုတော့  နားလည်သူတွေက ဘယ်ဟာက မလိုအပ်ဘူး လိုအပ်တယ် စသဖြင့် ခွဲခြား ပိတ်နိုင်ပေမယ့် သာမန် ကွန်ပျူတာ အသုံးပြုသူတွေကတော့ ခွဲခြားတတ်မှာတော့မဟုတ်ပါဘူး ။ ဒါပေမယ့် စက်ကို ဖွင့်လိုက်ချင်း တက်လာမယ့် Startup program တွေကိုတော့ ပိတ်ထားပါ။ လွယ်ပါတယ် Run ကနေပြီးတော့ msconfig ကိုရိုက်ထည့်လိုက်ရင် Startup ကိုရွေးကာ Program တွေကို လိုက်ဖြုတ်ပစ်လိုက်ပါ ဥပမာ ကွန်ပျူတာဖွင့်ဖွင့်ခြင်း တက်လာတဲ့ Gtalk , Skype တွေကို မလိုအပ်ဘူးထင်ရင် uncheck လုပ်ကာ ပိတ်နိုင်ပါတယ်၊ Windows 8 မှာဆိုရင်တော့ Task manager ကနေ Disable လုပ်နိုင်ပါတယ်

5.Sleep အစား Hibernate လုပ်ပါ

Sleep ကိုလုပ်မယ့် အစား Hibernate လုပ်ခြင်းက ပိုပြီးတော့အားကုန်သက်သာစေပါတယ် မိမိ လက်ရှိ ဖွင့်ထားတဲ့ Program တွေကို အစက ပြန်ဖွင့်ရမှာပျင်းတယ် အရေးကြီးတာတွေကို မေ့သွားမှာစိုးတယ်ဆိုရင်တော့ Hibernate သာလုပ်ထားလိုက်ပါ။ ဆိုလိုတာက ကျွန်တော်တို့အင်တာနက်သုံးနေရင်းနဲ့ tap တွေ အများကြီးဖွင့်ထားမိပါတယ် အားလုံးကလည်း လိုအပ်နေတယ်ဆိုတော့ ပိတ်လိုက်ပြီးရင် မေ့သွားမှာစိုးတယ် ၊ နောက်တစ်ချက်က လက်ရှိအခြေအနေအတိုင်းပဲ ကွန်ပျူတာဖွင့်လိုက်တာနဲ့ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Hibernate ကိုလုပ်နိုင်ပါတယ် ၊ sleep လုပ်တာက မကောင်းပါဘူး Hard Disk ထိတာလည်း သက်သာပါတယ် ၊ Hibernate လုပ်ဖို့က လွယ်ပါတယ် Start menu ကနေ  arrow လေးကိုနှိပ်ကာ Hibernate လုပ်နိုင်ပါတယ်

အားလုံးအစဉ်ပြေပါစေဗျ
အားလုံးကိုလေးစားလျှက်
မင်းထက်အောင်(ခ)ဒီးကို
လေလွင့်ငှက် (နည်းပညာနှင့်သုတ၊ရသ)

Post a Comment

 
Top