ကဲ သူငယ်ချင်းတို့ရေ လေလွင့်ငှက် ဘလော့ကို 10/2/2014 ရက်နေ့မှာ စတင်ပြီး တည်ထောင်ပါတယ်
ဒီဆိုက်ကိုအဓိက ဖြစ်မြောက်ရေးအတွက် blogger နှစ်ယောက်က ရေးသားမှာဖြစ်ပါတယ်
Blogger မင်းထက်အောင် (ခ)နူးရ်အာဟ်မဒ် (ခ)ဒီးကို မိုးကုတ်သား ခေတ္တမလေးရှား (နည်းပညာ)
Blogger သက်ပိုင်ဦး (ခ) နူးရ်အွတ်စမန်း တောင်ကြီးသား ခေတ္တအီဂျစ် (သုတ၊ရသ)
ကဲ သူငယ်ချင်းတို့ မြန်မာနိုင်ငံမှာ ဘလော့တွေလည်း ရေတွက်လို့မကုန်ဘူးနော်၊ ဒါမဲ့ တစ်ချို့တစ်လေ
လောက်ပဲ ရေရှည်တည်မြဲတာလေ တစ်ချို့ကို ၀င်ကြည့်မဲ့သူမရှိလို့ တစ်ချို့ကြတော့လည်း ဆက်မရေးနိုင်
တော့လို့ပါ၊ Blogger တစ်ယောက်မှာလည်း အခက်ခဲပေါင်းစုံပါပဲဗျာ၊ မိမိတည်ထောင်ထားတဲ့ ဆိုက်က
တစ်နှစ်ပဲ သက်တမ်းရှိတာပါ အဲ့ဒါကို ရေရှည်ဖြစ်နိုင်အောင်လည်းကြိုးစားရသေးတယ်ဗျာ၊ ပြီးတော့ မိမိ
ဆိုက်ကလေးကို ၀င်ကြည့်တဲ့ ပရိသတ်တွေကိုလည်း စွဲဆောင်နိုင်အောင်ကြိုးစားရသေးတယ်ဗျာ အဲ့ဒီတော့
ဘလော့တစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ Blogger တွေနဲ့ ၀င်ကြည့်အားပေးကြတဲ့ ပရိသတ်တွေ အပေါ်မှာ
လည်းနားလည်မှုလေးတော့ လိုတယ်ဗျ၊ ကဲတော်တော်ရှည်နေပြီနော်(လေကြော) ကျွန်တော်တို့ ဘလော့
လေးကို ပရိသတ်တွေ လိုအပ်တာ တင်ပေးဖို့လည်း တောင်ဆိုနိုင်ပါတယ်နော်၊
ပြီးတော့ Android ဖုန်းခေတ်ဆိုတော့ ဒီဘလော့ကို Android ဖုန်းပေါ်မှာ အွန်လိုင်း၊ အော့ဖ်လိုင်း သုံးနိုင်အောင် ဖုန်းဆော့ဝဲလည်း မကြာခင်ဖြန့်ချီမှာဖြစ်ပါတယ်
အားလုံးကိုလေးစားစွာဖြင့် Blogger
မင်းထက်အောင်
သက်ပိုင်ဦး

Post a Comment